hello

မိဘ..............။

မိဘဖြစ်ဖို့ ဆိုတာ လွယ်ပါသလား...။ ပုံမှန်အားဖြစ်တော့ မိဘဖြစ်ဖို့  မိဘနေရာရောက်ဖို့ ဆိုတာ လွယ်ကူလွန်းလှပါတယ်..။ အိမ်ထောင်ပြုလိုက်ရင် ကလေးရမယ်...။ ကလေးရှိရင် မိဘဖြစ်ပြီး....။ ဘယ်လောက်များလွယ်ကူလိုက်ပါလိမ့်...။
အင်း....ဒါပေမဲ့.....။

စံပြမိဘကောင်းဖြစ်ဖို့ ဆိုတာကရော....
မိဘဖြစ်ဖို့ က လွယ်ပေမဲ့ မိဘကောင်းဖြစ်ဖို့  အတုယူစရာ မိသားစုရဲ့  စံပြမိဘတွေဖြစ်ဖို့ က အတော်လေးကို မလွယ်ကူတဲ့ အဖြစ်ပါ...။

မိဘဆိုတာ ပိုက်ဆံတွေ အများကြီး ရှာနိုင်ပြီးသားသမီးတွေ အလိုကျ လိုအပ်တာတွေ မရှိမဖြစ်ရအောင် ဖန်တီးပေးနိုင်တဲ့ မိဘကို တော်လိုက်ကြတဲ့ မိဘတွေ ပိုက်ဆံအရှာကောင်းတယ်ဆိုပြီး စံတင်ထားရတဲ့ မိဘနေရာမှာ စားရင်းသွင်းရမှာလား...........။

မရှိရှိတာလေးနဲ့  သားသမီးတွေရဲ့  လိုအင်ကို ဖြည့်ဆည်းပေးနိုင်တဲ့မိဘ ၊ လိုအပ်ရင် ရှိတာတွေကိုပါ ပေါင်နှံရောင်းချပေးပြီး ဖြည့်ဆည်းပေးတဲ့ မိဘတွေက မိဘကောင်းလား...။

သားသမီးတွေကို မွေးထုတ်ပြီးထမင်းနှပ်မှန်ကျွေးတာကလွဲလို့   ဖြစ်ချင်ရာဖြစ် လှည့်မကြည့်တတ်ပဲ ၊ ဂရုမစိုက်ဖို့  အချိန်လေးတောင် မပေးနိုင်တဲ့ မိဘတွေကရော ဘယ်လိုမိဘတွေလဲ........။

တကယ်တော့ စံပြမိဘဖြစ်ဖို့ ဆိုတာက သားသမီးတွေကို အချိန်မပေးနိုင်လောက်အောင် ငွေကိုပဲ ကြုံးရုန်းရှာဖွေပြီး ငွေနဲ့  လိုက်လံဖြေရှင်းပေးနေသူတွေမဟုတ်ဘူး..။ သားသမီးအလိုကျ ချေးငှားပေါင်နှံကာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်သူမဟုတ်ဘူး... မွေးထားပေးပြီးရင်ပြီးရော ..ကျွေးထားနိုင်ရင်ပြီးရော ဂရုတစိုက်ပြုစုပျိုးထောင်ပေးဖို့  မေ့လျော့နေခဲ့သူတွေမဟုတ်ဘူး..။

ကိုယ့်ရင်ထဲက ဖြစ်လာတဲ့သားသမီးတွေကို ရင်အုပ်မကွာပြုစုစောင့်ရှောက် ၊ နည်းမှန်လမ်းမှန်နဲ့  ထိန်းကျောင်းပဲ့ပြင် အကြင်နာတွေကို ပေးနေတဲ့ မိဘ..(ကြပ်တည်းနေတဲ့ ခေတ်ကာလမှာ ဘဝဝမ်းစာအတွက် တပြည်ခြားရှာဖွေစားသောက်နေရတဲ့ မိဘကို မဆိုလိုဘူးနော်...အဲ့ဒီထဲမှာမှ နောက်ကွယ်မှာ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ သူတွေကတော့ တစ်မျိုးပေါ့...)

မိဘနေရာမှာ ရောက်ပြီးဆိုလျှင်တော့ မိဘတာဝန်ကျေတဲ့ မိဘတွေဖြစ်ဖို့ ကို အလေးထားတွေးစေချင်တယ်...။ မိဘနေရာမှာ မရောက်ခင် ကြိုတင်သေချာစဉ်းစားပြီး ကိုယ့်ဘက်က ပေးနိုင်တယ်ဆိုမှ ကိုယ့်သားသမီးတွေကို နွေးထွေးအေးမြတဲ့ မေတ္တာတွေနဲ့  ပြုစုစောင့်ရှောက်ပြီး ချစ်ခင်တွယ်တာ စရာကောင်းတဲ့ မိသားစုလေးအဖြစ်ဖန်တီးကြရင်အကောင်းဆုံးပဲ မဟုတ်ပါလား..။

တစ်ချို့ ဆို ကြိုတင်စီစဉ်ခြင်းကလဲ မရှိ..ဘာမှလဲ အဆင်သင့်မဖြစ်တော့ မွေးလာတဲ့ သားသမီးတွေကို တာဝန်မယူနိုင်..အဆိုးဆုံးကတော့ ကိုယ့်ရင်သွေးလေး လူ့ လောကထဲမရောက်ခင်မှာ ဘဝတစ်ပါးပြောင်းစေခဲ့တဲ့ မိဘတွေရဲ့  သဘောထားကတော့ အဆိုးဆုံးပဲလို့  ပြောရမှာပဲ..။

ဘဝတစ်ပါးပြောင်းတာက ထားလိုက်အုံး..။ ဟိုမရောက်ဒီမရောက်နဲ့  အနှိပ်စက်ခံသန္ဓေကြောင့် မသန်မစွမ်း မွေးခွင့်ရလာတဲ့ ကလေးရဲ့ အဖြစ်က လူဖြစ်ရှုံစရာ..။ ဘဝတစ်လျှောက်လုံး နလန်မထူနိုင်အောင် ကျရှုံးလိုက်ရမယ့် အဖြစ်..။ ကိုယ့်သားသမီးကလဲ ငါ့မိဘတွေ ငါ့ကို မလိုချင်လို့  ငါ ဒီလိုအဖြစ်မျိုးရောက်နေပါလားလို့  တွေးပြီး ဝမ်းနည်းနေရမယ်..။ ကလေးကလဲ ကိုယ့်မိဘတွေကို ငါ့ကို ဒီလိုမျိုးလုပ်ရက်တာပါလားလို့  တွေးမိပြီး မပြစ်မှားသင့် ပြစ်မှားမိမယ်...။ အပြစ်တွေ မရသင့်ပဲ ရလိမ့်မယ်..။

မိဘက ဘယ်လိုဖြစ်ဖြစ် မိဘကို ပြစ်မှားမိရင် ပြစ်မှားမိတဲ့ သားသမီးမှာ အပြစ်ကြီးပါတယ်...။ ဒီတော့ မိဘကလဲ သားသမီးကို အပြစ်တွေပေးဖို့  နည်းလမ်းတွေ ရှာပြီး မပေးရစေဖို့  ကြိုတင်ကာကွယ်ထားပေါ့...။

မိဘနဲ့  သားသမီးကြား မိဘကောင်းဖြစ်ဖို့  မိဘတွေမှာ တာဝန်ရှိသလို သားသမီးလိမ္မာဖြစ်ဖို့ ရာလဲ မိဘတွေမှာ အထူးတာဝန်ရှိပါတယ်..။ မိမိသားသမီးတွေအတွက် မိဘကောင်းဖြစ်ဖို့ ကို အိမ်ထောင်မပြုမှီ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုတယ်..။ ကြိုတင်ပြင်ဆင်ချိန်မရပဲ ဖြစ်လာခဲ့ရင်လဲ ရလာတဲ့ အချိန်ကစပြီး သားသမီးတွေအတွက်အကောင်းဆုံးလမ်းကို ခေါ်ဆောင်ပေးနိုင်တဲ့ မိဘဖြစ်အောင် ကြိုးစားကြစေချင်တယ်..။

သားသမီးတွေရဲ့ ဘဝဟာ မိဘတွေလက်ထဲက ဖယောင်းခဲလေးတွေပါ..။ သူတို့ ရဲ့  စိတ်ဒဏ်ရာတွေ ကင်းတဲ့ အနာဂတ်အတွက် လှပပြီး အပြစ်အနာဆာ ကင်းတဲ့ ထုဆစ်မှုတွေ ဖန်တီးပေးစေချင်ပါတယ်..။ ဒီလို ထုဆစ်နိုင်ဖို့ ဆိုတာ မိဘတွေမှာ ကြိုတင်ပြင်ဆင် လေ့လာ သင်ယူထားဖို့  လိုအပ်ပါတယ်... ။

မေ့ရင်ထဲက စေတနာတွေနဲ့  မေ ခုလို လမ်းညွှန်ပေးခဲ့တာပါနော်..။ အိမ်ထောင်ပြုတော့မယ်ဆိုရင် ငါ့အိမ်ထောင်ရေး အနာဂတ်အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီးလဲ ဆိုတာ သေချာဆန်းစစ်ထားကြစေချင်တယ်..။ လှပတဲ့ မိသားစုဘဝလေးကို စိတ်ကူးယဉ်ပုံဖော်တာမျိုးမဟုတ်ပဲ လက်တွေ့ ကျကျ ဖန်တီးနိုင်ဖို့  ပွဲမရောက်ခင် ကြိုတင်ပြင်ဆင်နိုင်ကြပါစေလို့ .....

        မေသဇင်        
 http://alwankhayeethe.blogspot.com/
အမျိုးအစား: ဆောင်းပါး
မှက်ချက်ပေးမယ်

 
Followလုပ်မယ်– တခြားသူများမှတ်ချက်ပေးသောအခါအီးမေးလိုချင်တယ်

zinbertun zinbertun 21 minutes agoမှရေးခဲ့သောမှတ်ချက်
ကျေးဇူးတင်ပါတယ်
aung naing ko aung naing ko 22 minutes agoမှရေးခဲ့သောမှတ်ချက်
မှန်ပါတယ်ဗျာ........
ဖြူပြာကလျာ ဖြူပြာကလျာ 37 minutes agoမှရေးခဲ့သောမှတ်ချက်
ကောင်းပါတယ်
နှင်းနှောင်ကြိုး နှင်းနှောင်ကြိုး 49 minutes agoမှရေးခဲ့သောမှတ်ချက်
ကောင်းပါတယ်
+_+ AM@ne TaKh!n *_* +_+ AM@ne TaKh!n *_* 51 minutes agoမှရေးခဲ့သောမှတ်ချက်
နွေးထွေးမှု့ မရှိတဲ့အိမ်က ဘယ်တော့မှ အောင်မြင်မှု့တွေကိုမတွေ့နိုင်ဘူးလို့ စာထဲမှာဖတ်ဘူးတယ်....ဗျ အဲ့လိုပဲ....ဒီစာလေးကိုမှတ်သားထားလိုက်ပါတယ် (မိဘက ဘယ်လိုဖြစ်ဖြစ် မိဘကို ပြစ်မှားမိရင် ပြစ်မှားမိတဲ့ သားသမီးမှာ အပြစ်ကြီးပါတယ်...။ ဒီတော့ မိဘကလဲ သားသမီးကို အပြစ်တွေပေးဖို့  နည်းလမ်းတွေ ရှာပြီး မပေးရစေဖို့  ကြိုတင်ကာကွယ်ထားပေါ့...)
ခင်မြတ်မွန်သန့် ခင်မြတ်မွန်သန့် 1 hour agoမှရေးခဲ့သောမှတ်ချက်
ကျေးဇူးတင်ပါတယ်နော်...ဒါပေမယ့်လည်းးချစ်တယ်ဆိုလာရင်တော့ အားလုံးကိုကျောခိုင်းခဲ့ရမှာပဲလေ..နော်..ဒါပေမယ့်ခင်လေးးကတော့ချစ်သူနဲ့ကောမိဘနဲ့ကောတူတူနေမှာလေ နော်..ရတယ် ဟုတ်..မယူလို့တော့မရဘူးးလေ..နော်
saoo saoo 1 hour agoမှရေးခဲ့သောမှတ်ချက်
ဟုတ်တယ်ဘာမှမစဉ်စားနဲနောက်ဖြစ်နောက်၇ှင်
ဝေလင်း ဝေလင်း 1 hour agoမှရေးခဲ့သောမှတ်ချက်
စဉ်းစားဝူး ယူမှာပဲ ဟွင့်...:P

mang khan suan

စိတ်ဝင်စားစရာတွေ


စည်းကမ်းချက်များ
သွားရောက်သင့်သောဆိုဒ်များ

ချစ်သူမြို့တော်အသုံးပြုပုံတချို့

နောက်ဆုံးဘလော့(၂၀)

ချစ်သူ့မြို့တော်ကို၂၀၁၀ခုနှစ်ဂျူလိုင်လ၁၅ရက်နေ့တွင်KoNyein♪ShweBo♫. မှတည်ထောင်ခဲ့သည်

Icon    Wiwi Title

Comments